This event is now over

Event Details

About

တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ပြုလုပ်သော စက်တင်ဘာလ ၂၀ ရက် ၂၀၁၄ ခုနှစ်မှာ ကျရောက်တဲ့ Software Freedom Day မှာတော့ ကျွန်တော်တို့ Fedora Project - Myanmar Community အနေနဲ့ အောက်ပါအစီအစဉ်များ အတိုင်း ပူးပေါင်းပါဝင် ပြုလုပ်သွားကြမှာပဲဖြစ်ပါတယ်။

အချိန်ကတော့ နေ့လည် ၂ နာရီမှ ညနေ ၄ နာရီထိ ဖြစ်ပါတယ်။ နေရာကတော့ ဗိုလ်တစ်ထောင်ဘုရားလမ်းနှင့် အနော်ရထားလမ်း လမ်းဆုံရှိ Orchid Hotel Yangon Myanmar ရှိ ခန်းမ တွင် ပြုလုပ်သွားမှာဖြစ်ပါတယ်။

အစီအစဉ်အနေနဲ့တော့

  • နေ့လည် ၂ နာရီမှ ၂ နာရီ ၁၅ မိနစ်အထိ ဧည့်သည်များ နေရာယူခြင်း
  • ၂ နာရီ ၁၅ မှ ၂ နာရီ ၄၅ မိနစ် အထိတော့ Fedora Project - Myanmar Community ၏ Leader ရန်နိုင်မြင့် မှ SFD Day အဖွင့် နှင့် ၄င်း နှင့် ပက်သတ်သည်များကို ပြောကြားခြင်း
  • ၂ နာရီ ၄၅ မိနစ်မှ မှ ၃ နာရီ ၁၅ မိနစ် အထိမှာတော့ ကို လွင်မောင်မောင် မှ OpenSUSE မိတ်ဆက်နှင့် ၄င်း Linux Distro နှင့် ပက်သတ်သည်များကို ပြောကြားခြင်း
  • ၃ နာရီ ၁၅ မိနစ်မှ ၃ နာရီ ၄၅ မိနစ် ထိမှာတော့ Fedora Project - Myanmar Community မှ Core Member သုတအောင်မှ CentOS 7 မိတ်ဆက်နှင့် ၄င်း အကြောင်း အကျဉ်း
  • ၃ နာရီ ၄၅ မိနစ် မှ ၄ နာရီထိမှာတော့ ပျော်ပျော်ရွှင်ရွှင်နှင့် တစ်ဦးနှင့်တစ်ဦး ဆွေးနွေးမိတ်ဆက်ခြင်းများ ပြုလုပ်ခြင်း နှင့် အစီအစဉ် ရပ်နားခြင်း


တို့ကို ပြုလုပ်သွားမှာပါ။

Software Freedom Day သို့ လာရောက်ကြသူများ အနေနဲ့တော့ Fedora Linux ၏ Booth နှင့် OpenSUSE ၏ Booth များတွင် အခမဲ့ပေးဝေမည်ဖြစ်သော Installer Bootable DVD များအပြင် Software Freedom Day အထိန်းအမှတ်အဖြစ် အခမဲ့ ဝေငှသော FreeBSD 10 & GhostBSD 3.5 တို့ကိုလည်း အခမဲ့ ကူးယူနိုင် ပြီး အမှတ်တရသက်ဆိုင်ရာ Distro များ၏ Sticker များကိုလည်း ရယူနိုင်မှာပါ ပဲဖြစ်ပါတယ်။

ပါဝင်တက်ရောက်လိုသူများကတော့ ကျွန်တော်တို့အနေနဲ့ နေရာ၊အစားအသောက် နှင့်အခြားလိုအပ်သော စီစဉ်စရာများအတွက်ဲကြိုတင်စီစဉ်နိုင်အောင် ကျေးဇူးပြုပြီး https://sfdygn2014.doattend.com/ မှာ Registration ပြုလုပ်ပေးစေလိုပါတယ်။

ယခုလို အခြား Distro Fan များမှ Software Freedom Day တွင် ပါဝင်အားဖြည့်ပေးခဲ့ခြင်းအတွက်လည်း ပွဲမတိုင်ခင် Fedora Project - Myanmar Community အနေနှင့် အထူးပင် ကျေးဇူးတင်ပါကြောင်း ပြောကြားအပ်ပါတယ်။

လမ်းညွှန် မြေပုံ
https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-xfa1/v/t1.0-9/224467_868725796471466_91778066929774251_n.png?oh=96cb6b8e6d683d7507438f725717c32c&oe=548AE34F&__gda__=1422636708_d0330d3cd34cf9127050fbefc1be2876

Register Now @ https://sfdygn2014.doattend.com/

Contact

Yan Naing Myint - 09420121451
Thuta Aung - 0973042006

Venue

Orchid Hotel
Junction of Anawrahta Road and Botahtaung Pagoda Road
Yangon, Myanmar

Map